ကျောက်တော်မြို့ရှိ အခြေခံပညာကျောင်း များရှိကျောင်းသား/ ကျောင်းသူများအား ပန်းခင်းစီ မံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျောက်တော်  ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က အထက်တန်းကျောင်းသဇင်ခန်းမအတွင်း၌ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ထိုသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြားများအား ကွင်းဆောင်ရွက်ပြုလုပ်ပေးလျက်ရှိရာ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မြန်မာနိုင်ငံအတွင်း၌ အိမ် ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့်ထုတ်ပေးခြင်း လုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအထီ (၁၈)လကြာဆောင်ရွက် ပေးလျက်ရှိရာ  ကျောက်တော်မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့်ပည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်း များကလည်း ကျောင်းသား/ကျောင်းသားသူများကို  သွေးအုပ်စုများစစ်ဆေးဆောင်ရွက် သတ်မှတ် ပေး ခြင်း၊  အခြေခံပညာ အထက်တန်းကျောင်းရှိ (၁၀)ပြည့်ကျောင်းသား/ကျောင်းသူများအတွက် နိုင်-၃(က)အသစ်ပြု လုပ်ပေးခြင်းများအား  နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ကျောက်တော်၊ ပြန်/ဆက်)