ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ချောမွေ့ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးပွဲနှင့် အသက်(၄၀)နှစ်အထက် ကလပ်ပေါင်စုံ ဘောလုံးပြိုင်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ   ၁၃

ကချင်ပြည်နယ် ကန်ပိုက်တီဂိတ်မှ တစ်ဆင့် မြန်မာ - တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပိုမိုချောမွေ့ လျင်မြန် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြန်မာ-တရုတ်ကုန်စည်ပြန်လည် စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြန်မာ - တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ် ငန်းကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် နယ်စပ်ကုန်စည်စီး ဆင်းမှုလုပ်ငန်းများကို အားလုံး၏ ကြိုးပမ်းဆောင် ရွက်မှုကြောင့် ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်သော်လည်း ကုန်စည်စီးဆင်းသည့် နေရာတွင် နှစ်နိုင်ငံညှိနှိုင်းထားသည့် သဘောတူညီချက်အတိုင်း မျှမျှတတရှိစေရေးနှင့် လုပ်ငန်းများ ယခုထက် ပိုမိုချောမွေ့လျင်မြန်စွာဆောင်ရွက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် ရေရှည်ကာလအတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အခက်အခဲ များကို ကြိုးပမ်းဖြေ ရှင်းနိုင်ရေး ကော်မတီအဖွဲ့ဝင်များ အနေဖြင့် ပွင့်လင်းရင်းနှီးစွာ ဆောင်ရွက်စေလိုကြောင်း တိုက် တွန်းမှာကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက မြန်မာ-တရုတ်ကုန် စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ် ကုန်စည်ပို့ဆောင်ရေးအသင်း၊ ပြည်နယ်သီးနှံထုတ်လုပ်သူများအသင်း၊ ပြည်နယ်ကုန်သည်ကြီးများ အသင်းနှင့်စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူများက နယ်စပ်ကုန်စည်ပို့ဆောင်/တင်သွင်းရေးကိစ္စရပ်များနှင့် ပတ် သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအပေါ် ကိုဗစ်-၁၉ စစ်ဆေးဆောင်ရွက်မှု လုပ်ငန်းများ၊ ယာဉ်အဝင်/ အထွက်အပေါ် ညှိနှိုင်း သဘောတူ ဆောင်ရွက်ထားရှိမှုများနှင့် သီးနှံများအချိန်မှီတင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲလိုအပ်ချက်များကို အသီးသီးတင်ပြ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် နှစ်နိုင်ငံအရေး ကိစ္စရပ်များ ဖြစ်သည့်အတွက် ကော်မတီအဖွဲ့ဝင်များနှင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် အချင်းချင်းညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၁၂ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသက်(၄၀)နှစ်အထက် ကလပ် ပေါင်းစုံ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Old Star ကလပ်အသင်းနှင့် ဝိုင်းမော် ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေး ခဲ့ကြသည်။

ဗိုလ်လုပွဲတွင် Old Star ကလပ်အသင်းက ဝိုင်းမော်ကလပ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတစ်လျှောက် နေရာ အလိုက်အကောင်းဆုံးကစားသမားဆုများကို ပြည်နယ်ဥပဒေချုပ်က လည်းကောင်း၊ ဒုတိယဆုရရှိ သော ဝိုင်းမော်ကလပ်အသင်းအား တစ်ဦးချင်းဆုဆွဲပြားနှင့် ငွေသားဆုကို ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက လည်းကောင်း၊ ပထမဆုရရှိသော Old Star ကလပ်အသင်းအား တစ်ဦးချင်း ဆုဆွဲပြားနှင့် ငွေသားဆုတို့အား ပြည်နယ်သယံဇာတ ရေးရာဝန်ကြီးကလည်းကောင်း၊ တံခွန်စိုက်ဒိုင်းဆုကို ပြည်နယ် ဝန်ကြီးချုပ်က လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်ပြန်/ဆက်