မဘိမ်း ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မဘိမ်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ လယ်တွင်းသားစောချစ်၏ ပန်းလိုချင် အပင်ကိုပျိုးတတ် မှစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက စာ ဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မဘိမ်းမြို့နယ် (Book Club)အဖွဲ့ဝင် ဦးအောင်မျိုးမင်းက ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်တွင်ပါဝင်သည့် ပန်းလိုနု နယ် ကလေးငယ်၊ ပန်းလိုချင်အပင်ကိုပျိုးတတ်မှ၊ ကလေးနှင့်ပတ်ဝန်းကျင်၊ ဦးသော်ဇင်ထွန်းနှင့် ဦးသက်ပိုင်စိုးတို့က ကလေးနှင့်ပညာရေး၊ ကျောင်းနေပျော်၍ စာတော်ပါစေ၊ မိဘဆရာပူးပေါင်း ကလေးပညာကောင်းစသည့် ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေးကြရာ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက (Book Club) အဖွဲ့ဝင်များ၏ ဖတ်ကြားဆွေးနွေးမှုများ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Book Club)အဖွဲ့ဝင်များမှ သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးမင်း