အမြို့မြို့အနယ်နယ်သတင်းများ

မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေး ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ် ဦးစီးမှူးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည်  ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ်(၂) ရပ်ကွက်၊ ၅၅နှင့်၅၆ လမ်းကြား၊ မဟာဗန္ဓုလလမ်းရှိ New Day စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေး ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးများထွန်းလင်းရေးအခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အောက်တိုဘာ (၃၁) ရက်နေ့ ညပိုင်းက အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးထွန်းလင်းရေး အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သန်လျင်မြို့နယ်၌  မိုးရွာသွန်းပြီး လေဆင်နှာမောင်း  တိုက်ခတ်မှုဖြစ်ပွား

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ နိုဝင်ဘာ ၁ ရက်နေ့ နံနက် (၉) နာရီ (၄၅)အချိန်က ညောင်သုံးပင်ကျေးရွာ၊ သနပ္ပင်သွားလမ်း၊ ကွင်းအမှတ်(၆၈၃/က)ကွင်းတွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဟာနန်းတော် ဆိတ်ခြံ၊ အေဝမ်းနွားခြံနှင့် ဦးမောင်သိန်းဆိတ်ခြံ အဆောက်အဦ ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသောမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့၌ (၂၉)ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော(၂၉)ကြိမ်မြောက် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်လုံးဆိုင်ရာ (၃၅) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်စီမဲခန့်ခွဲရေးနှင့်အုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ (၃၅) ကြိမ်မြောက် ဌာနဆိုင်ရာများစုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ရပ်ကွက်ရှိ ကြာနီကန် ကျောင်းတိုက်၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ဇနီး၊ အတွင်းရေးမှူး ရဲမှူးကြည့်စိုးနှင့်ဇနီး၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်နှင့်ဇနီး၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

(၃၂)ကြိမ်မြောက် ဝေါမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်းကာ (၃၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများတို့က အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ကျောက်တံတားမြို့နယ်၌ ကလေးငယ်များအာဟာရဖွံ့ဖြိုးရေးနှင့်ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မူကြိုကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးစစ်ပေးခြင်းလုပ်ငန်းများကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က အမှတ်(၃)ရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှု လက်မှုလုပ်ငန်းရှင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ