ပြင်ဦးလွင်မြို့နယ်၌ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင်  မေ ၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဟိန်းမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းဇော်၊  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးပိုအေးတို့က မိတ်ဆက်စကားပြောကြားပြီး ပြင်ဦးလွင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား မိတ်ဆက်တင်ပြသည်။ ဆက်လက်၍ မန္တလေး တိုင်း‌ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက လွှတ်တော်အတွေ့အကြုံများအား ရှင်းလင်းပြောကြားခြင်းနှင့် အမှာစကားပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများမှ ခရိုင်လျှပ်စစ်တာဝန်ခံဦးမြသောင်းကလျှပ်စစ်မီး၆နာရီခြား ခွဲတမ်းဖြင့်‌ ‌ဆောင်ရွက်မှုနှင့် အနီးစခန်း‌လေယာဉ်ကွင်းအား သီးခြားဓာတ်အားခွဲရုံအ‌သေးစား‌‌ဆောင်ရွက်‌ပေးနိုင်‌ရေးတင်ပြရာ အနီးစခန်းလေ‌ကြောင်း‌တာဝန်ခံ ဦး‌ကျော်ကျော်လင်းက တွက်ချက်မှုနှင့်အတူ တင်ပြ‌တောင်းခံထား‌ကြောင်း ပြန်လည်‌ဆွေးနွေးခြင်းနှင့် မြို့မိမြို့ဖဦး‌အောင်မြင်ကမိတ်ဆက်စကား‌ ပြောကြားခြင်း၊ မြို့မိမြို့ဖအတွင်း‌ရေးမှူး ဦးထွန်းထွန်းက လမ်း‌ဘေးဈေးသည်များကိစ္စ၊ စိုက်ပျိုး‌တောင်‌သူများ၏သီးနှံ‌ဈေးကွက်ကိစ္စများ အသီးသီးဆွေးနွေးတင်ပြကြပြီး မန္တလေးတိုင်း‌ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ဖြေကြားခြင်းနှင့် နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်/ပြန်ဆက်)