မြစ်သားမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း (Training of Trainer TOT) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။