သံတောင်ကြီး မေ ၄
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဧပြီလတတိယပတ်တွင် ပေါ်ဦးပေါ်ဖျားလိုင်ချီးသီးများ စျေးကောင်းရရှိသော်လည်း ယခုဧပြီလပထမပတ်တွင် လိုင်ချီးသီးများစျေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်းသိရသည်။
သံတောင်ကြီးမြို့တွင် လိုင်ချီးသီးများ ပေါ်ဦးပေါ်စတွင် တစ်ပိဿာတစ်ထုပ်လျှင်ကျပ် (၁၂၀၀၀) အထိရရှိသော်လည်း မေလပထမပတ်တွင် လိုင်ချီးသီးများလှိုင်လှိုင်ထွက်ရှိချိန်တွင် တစ်ပိဿာတစ်ထုပ်လျှင် ကျပ်(၈၀၀၀)သာ ာရရှိခဲ့ကြောင်း လိုင်ချီး စိုက်တောင်သူတစ်ဦးထံက သိရသည်။
နော်နော်မူ