မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက် 

မိတ္ထီလာ မေ ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် မေ ၄ ရက် နံနက် ၁၀ နာရီက  နေ့ချင်းပြီးဆောင်ရွက်ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးတွင် ရပ်ကွက်ကျေးရွာများမှ အသက် ၁၈ နှစ်ပြည့်ပြီးသူများ အကြောင်းအမျိုးမျိုးကြောင့်  နိုင်ငံသားစိစစ်ရေးကတ်များ မရှိသေးသည့် ပြည်သူများအား စုစည်း၍ ရုံးသို့ခေါ်ယူဆောင်ရွက်ခြင်းနှင့် မိမိတို့အစီအစဉ်ဖြင့် လာရောက်ဆောင်ရွက်သည့် အသက် ၁၈ နှစ်ပြည့်နှင့် အသက် ၁၀ နှစ်ပြည့်ပြည်သူများအား ရက် ၁၀၀ စီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်နေမှုအား တိုင်းဒေဿကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦစိုးလွင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကတ်မရှိသူပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (၁၀၂) ကတ် နှင့် UID ကတ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)