သပိတ်ကျင်း မေ ၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲကို သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုနေပြီဖြစ်ကြောင်းသိရသည်။
သပိတ်ကျင်းခရိုင်အနေဖြင့် အ.ထ.က၊ သပိတ်ကျင်းတွင်(၉၆)ဦး၊ အထက-၁ မိုးကုတ်တွင် (၁၃၃)ဦး၊ စုစုပေါင်း(၂၂၉)ဦး လာရောက်ဖြေဆိုခဲ့ကြပြီး မေ ၁၁ ရက်အထိ ဖြေဆိုသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကျင်းပရာသို့ သပိတ်ကျင်းခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ သပိတ်ကျင်းခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ လာရောက်ကြည့်ရှုခဲ့ကြ သည်။ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ပညာသင်နှစ်မှစ၍ ကျောင်းများပိတ်ခဲ့ရသည့်အတွက် ဖြေဆိုသူများပြားလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)