အိမ်မဲ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပုလဲချောင်ကျေးရွာအုပ်စုတွင်နိုင်ငံတော် အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံတော် အစိုးရအသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်လွင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများက ပုလဲချောင်ကျေး ရွာအုပ်စုတွင် မြေပြင်အရောက် ကွင်းဆင်း၍ အသက်(၁၀)နှစ်ပြည့်၊ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အသစ်ပြုလုပ်လိုသည့် ကျောင်းသား၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အထောက်အထားများ ဖြည့်စွက်ကာ စိစစ် ထုတ်ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်ပေးခဲ့သည်။
အလားတူ မေလ (၁)ရက်နေ့တွင် ကန်ကြီးဒေါင့်ကုန်းကျေးရွာအုပ်စုတွင်လည်းကောင်း၊ မေလ (၂)ရက်နေ့တွင် ဝါးတလုတ်ကျေးရွာအုပ်စုတွင်လည်းကောင်း နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀)စီမံ ချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကိုဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှသိရသည်။
ချစ်သက်လယ် (အိမ်မဲ)