ဝမ်းတွင်းမြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရက်(၁၀၀)စီမံချက်ဖြင့်  ကျွဲနွားကာကွယ်ဆေးထိုးနှံပေး 

ဝမ်းတွင်း  မေ  ၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၊၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများတွင် အဖြစ်များတတ်သော ကျွဲနွားခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဖြိုးချစ်နှင့်ဝန်ထမ်းများမှ အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ သဲတော (၁)ရပ်ကွက်၊ သဲတော (၂) ရပ်ကွက်၊ ဝမ်းတွင်း(၃)ရပ်ကွက်၊ လျှော်ပင်ကျေးရွာ၊ ဆည်ရွာနှင့်ထန်းပင်ကုန်းကျေးရွာများမှနွားမွေးမြူသူတောင်သူ(၄၂)ဦးမွေးမြူထားရှိသည့် နွားကောင်ရေ(၁၉၈)ကောင်အား ကာကွယ်ဆေးများထိုးနှံ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်များတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း၊ မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းနှင့် နို့စားနွားတိုးချဲ့မွေးမြူခြင်းကြောင့် ရရှိလာသည့်အကျိုးအမြတ်များအကြောင်း အသိပညာပေးဆွေးနွေး၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှထုတ်ဝေသည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးဒေါက်တာမေဖြိုးချစ်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)