မှော်ဘီမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ၊ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနား ကျင်းပ
၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ကျင်းပသည်။