ဒေးဒရဲ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးလက်နေတောင်သူများ ခေတ်မီမွေးမြူရေးစနစ်များဖွံ့ဖြိုးလာစေရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီက တညင်ကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာလှိုင်ဘုန်းမြင့်က ကျေးလက်နေတောင်သူများအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် စီးပွားဖြစ်မွေးမြူထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးများမှ တန်ဖိုးမြှင့် သဘာဝမြေသြဇာထုတ်လုပ်၍ စိုက်ပျိုးမြေများတွင် ပြန်လည်အသုံးပြုနိုင်စေရေး ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း