အမြို့မြို့အနယ်နယ်သတင်းများ

ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် မြေဩဇာ၊ မျိုးစေ့နှင့် ပိုးသတ်ဆေးဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများ နည်းပညာပေးသင်တန်းကို ယနေ့(၁၁)နာရီတွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ ၂၀၂၅/၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်၊ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၏ ၂၀၂၅/၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့်တာဝန်ရှိသူများ ရွေးကောက်ပွဲအပိုင်း(၂) ကျင်းပမည့် ဖျာပုံမြို့နယ်အတွင်းရှိ မဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများအား လှည့်လည်ကြည့်ရှု

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိမဲရုံများ၌ ကြိုတင်ပြင်ဆင်မှုများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲအပိုင်း(၂)တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို‌ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ကော့မှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ၊ ပုံပြင်‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အခြေခံပညာမူလတန်း (ရေတာရှည်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်တွင် အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားများအား ပြည်သူများလက်ဝယ် အရောက်ပေးအပ်

မော်လမြိုင်မြို့နယ်တွင် အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး အတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ကိုင်ဆောင်ခွင့်ရရှိသူများအား မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူး မာရီယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် လာရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသစ်ဖွင့်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်မည့် မဲရုံများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက မဲရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ယမန်နေ့ နေ့လယ် ၃ နာရီချိန်က မဲရုံ ၁၁ ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်သည့်အနေဖြင့် ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့တွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ