ဒိုက်ဦးမြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်မှုအခြေနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

ဒိုက်ဦး မေ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများအား မေ ၃ ရက်နေ့ နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်‌ကျော်စိုးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍သင်တန်းတက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌အောင်‌ကျော်စိုးနှင့် တာဝန်ရှိသူများက သင်တန်းတွင် လိုအပ်သော စာအုပ်နှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဧပြီလ (၁၉) ရက်နေ့မှ မေလ (၁၀) ရက်နေ့အထိ (၂၁) ရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြဆရာမထံမှ သိရသည်။

စိုးထက်ကျော် (ပြန်/ဆက်)