အုတ်ဖို သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်မေဖြိုးမွန်က ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးတို့က ကြင်နာတက်သော သူငယ်ချင်းများခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆုချီးမြှင့်ခဲ့ကြောင်းနှင့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့်ပြိုင်ပွဲသို့ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား စာရေးကိရိယာများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ