ဝမ်းတွင်း ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုလို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများအရောက် ထိုးနှံပေးခြင်း၊ သက်မှတ်ထားသောစုရပ်များ၌ ထိုးနှံပေးရာတွင် အသက်(၆၅) နှစ်အထက်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့် Sinopharm First Dose Phase13 (၉၅၀)ဦး ၊Myancopharm First Dose Phase.3 (၂၉၅)ဦး၊ Sinopharm Second Dose Phase.11 (၉၇၅)ဦးနှင့် Myancopharm Second Dose Phase.11 (၃၃၀) ဦးရှိပြီး စုစုပေါင်းပြည်သူ (၂၅၅၀) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဌေးလှိုင် (ဝမ်းတွင်း)