စမ်းချောင်း ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲတွင် သတ်မှတ် ထားသည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှတ်(၁၃) အခြေခံပညာ မူလတန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ကြခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း