စဉ့်ကိုင် ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာပေဖတ်ရှုခြင်းအလေ့ အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ပြည်သူများလက်ဝယ်အရောက် ငှားရမ်းပေးလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေါ်နှင်းအိအိခိုင်(စာကြည့်တိုက်လက်ထောက်-၃)နှင့် ဒေါ်အေးအေးသီ(ရုပ်သံကျွမ်းကျင်-၃)တို့က ယနေ့မွန်းလွဲ(၁)နာရီ မြန်မာ့စီးပွားရေးဘဏ်တွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့ စာဖတ်၊ စာငှားပရိတ်သတ်များအတွက် စာအုပ်၊ စာစောင်များ အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက်လုပ်ငန်းဖြင့် လက်ဝယ်အရောက် ဝန်ဆောင်မှုပေး လျက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက် စာအုပ်များအား တစ်ပတ်တစ်ကြိမ် လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းသန်း