သနပ်ပင် ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်အတွက် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးလျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူကလေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်စွမ်းရည် ပိုမိုတိုးတက်လာပြီး ကာယ၊ ဉာဏ၊ စွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ထက်မြက်သော ကလေးများဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အုပ်စု(၂)အုပ်စုခွဲကာ လေမုတ်ပူဖောင်းများ ခွဲခြင်းပြိုင်ပွဲ၊ ဘောလုံးဒူးညှပ်ကစားပြိုင်ပွဲ စိတ်ဝင်စားစွာ ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသူများကို ဆုချီးမြှင့်ခဲ့ပြီး အာဟာရဖြစ်စေရန် ကလေးများကို အအေးဗူးနှင့် မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)