သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

သဲကုန်း ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန   (Community Centre) ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော  “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာဆိုင်ရာစာစု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်းချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့်  လူငယ်များနှင့် ပြည်သူများ အသိအမြင်ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့် ကောင်းရရှိစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍  စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော  “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” လူငယ်နှင့်ပညာဆိုင်ရာစာစု” စာအုပ်ကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးသိန်းအောင် (သားငဘ)မှ   "လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဇော်လှိုင်မှ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”၊  ဦးဆန်းမြင့်အောင်(ဆန်းမြင့်အောင်-သဲကုန်း) မ “စိန်ခေါ်ကြ စေချင်ပါသည်”၊ ဦးထက်ပိုင်မင်း(ကိုပိုင်-သဲကုန်း)မှ “ပညာတတ်ဖို့ စာဖတ်ရမည်” ဒေါ်မြင့်ကြည်(မြတ်စုဝေ)မှ ချစ်သမီးကလေးများအတွက်"  စသည့် ဆောင်းပါးများကို အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ကြသည်။

စာ​ပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို သဲကုန်းမြို့နယ် (Book Club)အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ များနှင့် မြို့နယ်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်