လှည်းကူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ ပြုလုပ်

လှည်းကူ သြဂုတ် ၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk  Show) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၂)နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်း‌ပြောကြားသည်။ ထို့နောက် လှည်းကူးမြို့နယ် (Book Club) အဖွဲ့ဝင် ဒေါ်သင်းသင်းရွှေက ပတ်ဝန်းကျင်ဂေဟစနစ်များ၊  ဇီဝ မျိုးစုံမျိုးကွဲများကြောင့် သက်ရှိသတ္တဝါများ၊ အပင်များမပျက်စီးစေရန် ထိန်းသိမ်းရမည့်အချက်များ၊ ကမ္ဘာ့ကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ ရေထု၊ လေထုညစ်ညမ်းမှု၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်ရမည့်ချက်များနှင့် သစ်တော၊ သစ်ပင်များရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကာကွယ်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)