ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မအူပင်ခရိုင် ပြန်/ဆက် ဦးစီးဌာနရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ မွန်းလွဲ ၂ အချိန်ခန့်က မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မအူပင်ခရိုင်ရုံးနှင့် ညောင်တုန်းမြို့နယ်ရုံး၊ ပန်းတနော်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်၌ ဆောင်းနေကြာ အချိန်မီစိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆ ဖူလုံမှုရှိစေရန်နှင့် တောင်သူများ ထယ်/ထွန်စရိတ်များ သက်သာပြီး ဆောင်းနေကြာ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ မွေးမြူထား​ပြီး ပြည်တွင်းပြည်ပ စျေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ် လျက်ရှိသော တိုင်းဒေသကြီး ဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍတွင်လည်း ပြည်တွင်းစားသုံးမှု ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့တင်ပို့၍ ပြည်ပမှဝင်ငွေ ရှာဖွေပေးနေသော စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိသည်။

လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ပြီး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ လပွတ္တာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်မည် ဖြစ်ရာ ယနေ့နံနက် (၈)နာရီချိန်က လပွတ္တာမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် နန္ဒဝန်စျေး၊ ရွေးနဒီစျေး၊ အမှတ်(၁)ရပ်ကွက် ပျံကျစျေးများ၌‌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ညောင်ဦးမြို့နယ်အတွင်း မသန်စွမ်းကလေးငယ်များ ဆက်သွယ်၍ Baby Carrier များ ဆက်သွယ်ရယူနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း မွေးကင်းစမှ ဆယ်လအတွင်း မသန်စွမ်း ကလေးငယ်များ ရှိပါက သတ်မှတ်ပုံစံများ ဖြည့်စွက်၍ Baby Carrier များ ဆက်သွယ် ရယူနိုင်ကြောင်း ပုဂံမြို့ ရတနာဘုံစံ တောရကျောင်း အရှင်သာဂရထံမှ သိရသည်။

သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ(၁)နာရီက မုံဇလီကျေးရွာသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။ 

မော်လမြိုင်ကျွန်းမြို့နယ် အတွင်းရှိ အနှေးယာဉ် လုပ်သားကြီးများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အတွက် ရှေ့/နောက် ရောင်ပြန်စတေကာများ ကွင်းဆင်းကပ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အနှေးယာဉ် လုပ်သားကြီးများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန် ရည်ရွယ်၍ ရောင်ပြန်စတေကာများ ကွင်းဆင်းကပ်ပေးခြင်း လုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင်ဥပဒေရုံး (၁၄)ရုံးမှ ဥပ‌ဒေအရာရှိများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်သည် တိုင်းဒေသကြီးအတွင်း အသစ်ဖွင့်လှစ်သည့် ခရိုင် ဥပဒေရုံး(၁၄)ရုံးမှ ခရိုင်ဥပ‌ဒေအရာရှိများ၊ ဒုတိယ ခရိုင်ဥပဒေ အရာရှိများနှင့် တွေ့ဆုံသည့်  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်း အချိန်က ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာ သတင်းမီဒီယာ ကောင်စီများ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံရှင်း လင်းပွဲကျင်းပ

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာ သတင်းမီဒီယာကောင်စီများ ပူးပေါင်း ဆောင်ရွက်မှု အတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က  အဖွင့်အမှာစကား ပြောကြားသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ