ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မအူပင်ခရိုင် ပြန်/ဆက် ဦးစီးဌာနရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ

မအူပင် စက်တင်ဘာ ၅

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ မွန်းလွဲ ၂ အချိန်ခန့်က မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မအူပင်ခရိုင်ရုံးနှင့် ညောင်တုန်းမြို့နယ်ရုံး၊ ပန်းတနော်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဘဝ ဂုဏ်ယူတတ်ကြစေရန်၊ မိတ်ဖက်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြည်သူ့ဆက်ဆံရေးသမားကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားကြရန်၊ လူငယ်အသိပညာပေးလုပ်ငန်းများကို ကြိုစားလုပ်ဆောင်ကြရန်၊ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်၊ ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးပွားစေရေး စာပေဖတ်ရှုရေးသားကြရန်၊ ဝန်ထမ်းများ အသိပညာဗဟုသုတ တိုးတတ်အောင် ကြိုးစားကြရန်နှင့် အလုပ်လုပ်သည့်အခါ စိတ်ကောင်း၊စေတနာကောင်း ထားရှိကာ လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားပြီး၊ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)