ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ယနေ့နံနက်(၉:၀၀)အချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့​သည်။

လက်ပံတန်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့နံနက် ၉ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်‌နေ့မွန်းလွဲပိုင်းက စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ အ.ထ.က(၂)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာ‌စောင်များ မင်းတုန်းမြို့တွင် ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာမောင်မိုးယံ၏ "လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး ဆောင်းပါးများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၁၄ ရက်နေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြို့နယ်စာပေချစ်သူများအဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပသည်။

တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလွန်ကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ များ အသိပညာဗဟုသုတပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဆရာစံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလွန်ကျောင်း၊ စာသင်ဆောင်တွင် ကျင်းပသည်။

အ.ထ.က(၁)လယ်ဝေးတွင် မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) က ဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်လ ၁၃ ရက်နေ့ နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ