ပေါင်းတည် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ မြို့နယ်စာပေချစ်သူများအဖွဲ့နှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပသည်။
အဆိုပါစာဖတ်ဝိုင်းကို စာရေးဆရာကြီး လယ်တွင်းသားစောချစ်၏ စကားပုံမှပေးသော အတွေးအမြင်စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဆင့်နှင့်အတူ စာပေချစ်သူများအဖွဲ့တို့က ပျက်အစဉ်ပြင်ခဏ၊ မရှိတာထက် မသိတာခက်နှင့် ရိုးရိုးကျင့်မြင့်မြင့်ကြံ ခေါင်းစဉ်များအား ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့စာဖတ်ဝိုင်းများကို မြို့နယ်ရုံး၏ Community Centre ခန်းမတွင် လစဉ် ဆောင်ရွက်လျက်ကြောင်း၊ စာပေဖတ်ရှုလေ့လာမှုမှရရှိသော အကျိုးကျေးဇူးများကို ပြည်သူများ သိရှိနားလည်စေရန်နှင့် စာပေချစ်သူများအကြား အချင်းချင်း အသိအမြင်ဖလှယ်၍ အသိပညာများ တိုးပွားစေရန်နှင့် ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်တက်လာစေရန် ရည်ရွယ်၍ ယင်းသို့စာဖတ်ဝိုင်းများ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
သူရကြီး( ပြန်/ဆက်)