ဘုတ်ပြင်းမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး၊ ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးထိုးနှံ
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့်ကို ယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးသည်။