ရေဖြူမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ရေဖြူ စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သဘာဝဘေးနှင့်မီးဘေးအန္တရာယ်တို့မှ အချိန်နှင့်တစ်ပြေးညီ ကာကွယ်ပေးနိုင်ရန်အတွက် ရေဖြူမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၅) ကို  မြို့နယ်မီးသတ်ဦးစီးဌာနတွင် စက်တင်ဘာ ၁  ရက် နံနက်ပိုင်းက ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို အရံမီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်လုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပူးပေါင်းကူညီဆောင်ရွက်ရန်နှင့် စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်လင်းနိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် မီးသတိမူရေး၊ မီးဘေးကြိုတင်တားဆီးရေး၊ မီးပညာမြင့် မီးငြှိမ်းသတ်ရေးဘာသာရပ်များ၊ ခေတ်မီရှာဖွေကယ်ဆေးရေးလုပ်ငန်းသုံးကိရိယာများ၊ ကိုင်တွယ်အသုံးပြုခြင်းနည်းစနစ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဝေါဟာရနှင့် ကြိုတင်သတိပေးခြင်း၊ ရှေ့ဦးပြုစုခြင်းဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို သင်တန်းသား ၅၀ တက်ရောက်၍ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရေဖြူ(ပြန်/ဆက်)