ထားဝယ် စက်တင်ဘာ ၁
အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က မီးသတ်တပ်ဖွဲ့၏ ရည်ရွယ်ချက်အောင်မြင်ရန်အတွက် ချမှတ်ပေးထားသော ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်ရေ၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတစ်ပြိုင်တည်းဆောင်ရွက်ရသည့်အတွက် မီးငြှိမ်းသတ်ရေးလုပ်ငန်းအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ကျွမ်းကျင်တက်မြောက်စေရန် ယခုကဲ့သို့သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်းပြောကြားသည်။
သင်တန်းတွင် တာဝန်ရှိသူများ က သင်တန်းသား ၅၀ ကို စက်တင်ဘာ ၂၆ ရက်အထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)