ဘုတ်ပြင်းမြို့နယ်၌ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအသိပညာပေး ဟောပြော

ဘုတ်ပြင်း  စက်တင်ဘာ   ၃

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦး စီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကလေးအလုပ်သများလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲကို  စက်တင်ဘာ ၂ ရက် နံနက် ၁၀ နာရီက အတွင်းဘုတ်ပြင်း ကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ဖြူဖြူသိန်းက ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ပညာရေးကို ဦးစားပေးသင်ကြားကြရမှာဖြစ်ပြီး အရွယ်မတိုင်မီ ကလေးအလုပ်သမားဘဝသို့ မရောက်စေရန်အတွက် မိဘများမှသတိထားရမည့်အချက်များ၊ ကလေးဆိုသည့်အဓိပ္ပါယ်၊ ကလေးအလုပ်သမားအသက်အရွယ်သတ်မှတ်ချက်များ၊ ကလေးအလုပ် သမားအများဆုံးဖြစ်ပေါ်နေမှု၊ ဘေးအန္တရာယ်ရှိနေတဲ့ကလေးအလုပ်များနှင့် အဆိုးရွားဆုံးပုံစံဖြင့် စေခိုင်းနေမှုများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများစသည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေးပြောကြားသည်။

ယင်းနောက် ကလေးအလုပ်သများလျော့နည်းပပျောက်ရေးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)