ကျွန်းစုမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်လှစ်

ကျွန်းစု စက်တင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် ၉ နာရီက ကျွန်းစုမြို့၊ မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်က အမှာစကား ပြောကြားခဲ့သည်။  

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ပြီး အ.ထ.က ကျွန်းစုကျောင်းမှ ကျောင်းသူလေးများက ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ အဖွင့်ပွဲစဉ်ဖြင့် အမျိုးသမီးကျွန်းစု (ခ) အသင်းနှင့် မရမ်းချောင်းအသင်းတို့က စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်

ပြိုင်ပွဲတွင် အသက် (၁၈) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)