တနင်္သာရီ စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် မြေစိုက်ဘုတ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို စက်တင်ဘာ ၂ ရက်နေ့ နံနက် (၉) နာရီအချိန်မှ စ၍ပြသထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်ချိန်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက်များကိုလည်းကောင်း၊ မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်နေချိန်တွင် ပြုလုပ်ရန်အချက်များ၊ မြေပြိုမှုဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များကိုလည်းကောင်း ပြသထားပါသည်။
မိဘပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုလိုက်နာရမည့် အချက်များကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် မြေစိုက်ဘုတ်တွင် အချိန်မရွေး လာရောက်ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် ၎င်းအသိပညာပေးစောင်ကို စက်တင်ဘာလ (၂) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြသထားမည်ဖြစ်ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)