ဘုတ်ပြင်း စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့်ကို ယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးသည်။
ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလးမိခင်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နွေးနွေးသဇင် က ကျန်းမာရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးပြောကြားပြီး ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ မွေးကင်းစမှအသက် (၂)နှစ်အထိ ကလေးများအား BCG ဦးနှောက်အမြှေးရောင် တီဘီ၊ လူးစေ့တီဘီရောဂါကာကွယ်ဆေး၊ OPV ပိုလီယိုရောဂါကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေး၊ (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ) စသည့်ငါးမျိုးစပ် ကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးစသည့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)