သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ သုတ၊ ရသ စာအုပ်၊ စာပေများအား အခမဲ့ငှားရမ်းပေး
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာအုပ်၊ စာပေဖတ်ရှုခြင်းမှ အကျိုးကျေးဇူးများစွာရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ သုတ၊ ရသ စာအုပ်၊ စာပေများအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။