ခမောက်ကြီး ဩဂုတ် ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဩဂုတ်လ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၃)ရက်တာ ပြုလုပ်ပေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် လဝကတိုက်နယ်မှူး ဦးထွန်းထွန်းဦး ဦးဆောင်သောအဖွဲ့တို့သည် ခမောက်ကြီးမြို့နှင့်အနီးတဝှိက်မှ ရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား လိုအပ်သည့်အချက်အလက်များအား စိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ မှတ်ပုံတင် (လဲလှယ်)သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် Biometric ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြရာ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၄) ဦးနှင့် Biometric ကတ်ပြား (၆၈၈)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)