သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌  သုတ၊ ရသ စာအုပ်၊ စာပေများအား အခမဲ့ငှားရမ်းပေး

သရက်ချောင်း ဩဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာအုပ်၊ စာပေဖတ်ရှုခြင်းမှ အကျိုးကျေးဇူးများစွာရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ သုတ၊ ရသ စာအုပ်၊ စာပေများအား အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့‌ သုတ၊ ရသ စာအုပ်၊စာပေများငှားရမ်းပေးရာတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက စာအုပ်ငှားရမ်းလိုသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်၊ စာစောင်များစနစ်တကျဖတ်ရှုနိုင်‌ကြောင်း၊ စာအုပ်များလာရောက်ငှားရမ်းသည့် ပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများအား ငှားရမ်းထားသောစာအုပ်များ မပျောက်ဖျက်၊ မပျက်စီးအောင် စနစ်တကျထိန်းသိမ်းဖတ်ရှုရန်၊ သတ်မှတ်ထားသောရက်အတွင်း ပြန်လည်အပ်နှံရန် စသည့်ဖြင့် ရှင်းလင်းပြောကြားပြီး စာအုပ်များငှားရမ်းမည့်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့စာကြည့်တိုက်ဝန်ထမ်းများက အသင်းဝင်ကတ်ပြားများပြုလုပ်ပေး၍ စာအုပ်များ စနစ်တကျငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်၊ စာစောင်များလာရောက်မငှားရမ်းနိုင်သည့် ပြည်သူများအတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့် ပုံပြင်ပြော၊ ကဗျာရွတ်‌၊ စာအုပ်မိတ်ဆက်၊ Activity အစီအစဉ်များကို ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)