ပုလောမြို့နယ်၌ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပ

ပုလော ဩဂုတ် ၁၆

မြန်မာရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၂၅) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်းစိုးက အဖွင့်မှာစကား ပြောကြားပြီး၊ အသက်(၁၀-၁၅)နှစ်အဆင့် (ကျား)ခေတ်ဟောင်းကာလပေါ်အဆို၊ အသက်(၁၀-၁၅)နှစ်အဆင့် (မ)ခေတ်ဟောင်းကာလပေါ်အဆို၊ ဝါသနာရှင်ဒုတိယတန်းအဆင့်ကာလပေါ်အဆို၊ အသက်(၁၅-၂၀) အဆင့် (ကျား)ခေတ်ဟောင်းကာလပေါ်အဆို၊ အသက်(၁၅-၂၀)နှစ်အဆင့် (မ)ခေတ်ဟောင်းကာလပေါ်အဆို၊ အသက်(၁၀-၁၅)နှစ်အဆင့် (မ)အတီးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝါသနာရှင်များနှင့် ကျောင်းသား/ ကျောင်းသူ (၁၄) ဦး ပါဝင်ယှဉ် ပြိင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ပုလောမြို့ အမှတ်(၁) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်အားပေးခဲ့ကြကြောင်းနှင့် (၂၅)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို စစ်နယ်မြေမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးကို  ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)