သရက်ချောင်းမြို့၊ အခြေခံပညာအ.ထ.ကသရက်ချောင်းကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ

သရက်ချောင်း ဩဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာအ.ထ.ကသရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ယနေ့နံနက် ၉နာရီအချိန်က ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများစုပေါင်း၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းကပ်လှူပူ‌ဇော်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားသို့ သရက်ချောင်းမြို့၊ သစ်ယာတောင်(တောင်)ကျောင်း ဆရာတော်ဉူးပညာသီဟနှင့် ဆရာတော်အရှင်သူမြတ် (၄)ပါး၊ အ.ထ.ကသရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော တရားနာဧည့်ပရိတ်သတ်များတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများက နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တရားနာဧည့်ပရိတ်သတ်အပေါင်းတို့က ဆရာတော်သံဃာတော်များအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ခြင်း၊ သရက်ချောင်းမြို့၊ သစ်ယာတောင်(တောင်)ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် ဩဝါဒကထာခံယူခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်အ‌ပေါင်းတို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူ‌ဇော်ခဲ့သည်။

ထို့နောက် သရက်ချောင်းမြို့၊ အ.ထ.ကသရက်ချောင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူနှင့် ဆရာ/ဆရာမများက ကြွရောက်လာကြသော ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က သရက်ချောင်းမြို့၊ သစ်ယာတောင် တောင်ကျောင်းဆရာတော် ဉူးပညာသီဟထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)