တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ယာဉ်မောင်း (မွမ်းမံ)သင်တန်း  အမှတ်စဉ် (၅/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ

ထားဝယ် ဩဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှဦးစီး၍ ယာဉ်မောင်း(မွမ်းမံ)သင်တန်းအမှတ်စဉ် ၅/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်လင်းထွန်းက မီးသတ်တပ်ဖွဲ့မှာရှိသော မီးသတ်ယာဉ်များ ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်‌ရေးအတွက် မီးသတ်ယာဉ်/စက်အမျိုးအစား၊ သုံးစွဲသည့်လောင်စာဆီအမျိုးအစားအလိုက် စက်စွမ်းအားနှင့်ဝန်ချိန်အနေအထားပေါ်မူတည်ပြီး မြေပြန့်လမ်း၊ တောင်တက်/တောင်ဆင်းလမ်း၊ လမ်းကျဉ်း/လမ်းကျယ်၊ လမ်းကောက်အနေအထားများတွင် ဦးနှောက်၊ နား၊ မျက်စိ၊ ခြေလက်များဖြင့် သေချာစွာ စဉ်စားချင့်ချိန်၍ မောင်နှင်ရန်လိုအပ်ကြောင်း၊ နည်းပြဆရာများက လေ့ကျင့်သင်ကြားပေးခဲ့သည့်အတိုင်း မိမိ၏စခန်းအသီးသီးကို ပြန်လည်ရောက်ရှိသည့်အခါ ပိုမိုကျွမ်းကျင်မှုရှိအောင် ဆက်လက်လေ့ကျင့်သွားကြရန်လိုအပ်ကြောင်း၊ သင်တန်းက ပို့ချပေးလိုက်သော ပညာရပ်များကို ပိုမိုကျွမ်းကျင်မှုရှိအောင် ဆက်လက်လေ့ကျင့်သွားကြရန်နှင့် ပြည်သူလူထုက ယုံကြည်အားကိုးရသော မီးသတ်တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်လိုအပ်ကြောင်း ပြောကြားပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ ထားဝယ်၊ မြိတ်နှင့်ကော့သောင်းခရိုင် မီးသတ်စခန်းများတွင် ဩဂုတ်လ ၅ ရက် နေ့ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)