တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေး အဖွဲ့မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမည့် ရွှေဆိုင်လုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းများ  ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ ပညာပေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအဆင့် သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အခြေခံပညာ အထက်တန်းအဆင့်သင် ဆရာ/မများ အရည်အသွေးမြှင့် ဆွေးနွေးပွဲတက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမ၌ နိုဝင်ဘာ(၃၀)ရက် နေ့လယ်ပိုင်းက တိုင်းဒေသကြီးအဆင့် Grade 10, 11, 12 (သင်ရိုးသစ်) သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းအဆင့် ဓာတုဗေဒ၊ ရူပဗေဒနှင့်ဇီဝဗေဒ ဘာသာရပ်သင်ဆရာ/မများ အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ထားဝယ်မြို့၌ သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေး အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေး အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအတွင်း စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ညှိနှိုင်း အစည်းအဝေး အ.ထ.က-ပထက်ကျောင်း၌ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အ.ထ.က-ပထက်ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျေးရွာလူလျှောက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၁၀၃) သန်းဖြင့် ထောင်ခမက်ကျေးရွာအုပ်စု၊ ကလန်းချောင်းကျေးရွာတွင် လူလျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများအဖွဲ့မှ နိုဝင်ဘာ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဆလုံ (မော်ကယ်) တိုင်းရင်းသားများ၏ ဘော်ဒါဆောင် ဆောက်လုပ်ရေးပစ္စည်းများ (သွပ်၊ ဘိလပ်မြေ၊ သစ်) ဆန်၊ လှေနှင့် စက် ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆလုံ(မော်ကယ်) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆလုံ(မော်ကယ်) ဘော်ဒါဆောင် ဆောက်လုပ်ရေးပစ္စည်းများ (သွပ်၊ ဘိလပ်မြေ၊ သစ်)၊ ဆန်၊ လှေနှင့် စက် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ထားဝယ်မြို့၌ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ ရသစာအုပ်၊ စာစောင်များ တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်း ငှက်ဖျားအဖြစ်များသော‌ ကျေးရွာများသို့ တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ငှက်ဖျားအဖြစ်များသော ကျေးရွာများသို့ တာရှည်ခံဆေးစိမ်ခြင်ထောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ အဆိုပါကျေးရွာများ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး