တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့ အမှတ် (၁၂) တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅/၂၀၂၄) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။

ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ ကျောင်းသား/ သူများအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုလောမြို့၊ မူလွန်(ဝါးတန်း) ကျောင်း၌ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောခဲ့၍ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ဆိုလာလျှပ်စစ်စီမံကိန်းနှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူ သဘောထားရယူခြင်း အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် New Myanmar Renewable Energy Company Limited မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဆိုလာလျှပ်စစ်စီမံကိန်းနှင့် အသေးစား ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းတင်ပြခြင်းနှင့် အများပြည်သူ သဘောထားရယူခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈နာရီခွဲ အချိန်က ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်ဝင်ရောက်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ၊ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား (၁၅၈)ဦး၊ အမျိုးသမီး(၃၀)ဦး စုစု‌ပေါင်း (၁၈၈)ဦး ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ကမ်း အမှတ်(၂) သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်ပညာရပ်များကို သိရှိလိုက်နာဆောင်ရွက်ရမည့် ရည်ရွယ်ချက်ဖြင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။

ကရသူရိမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ကွမ်းသီးဈေးနှုန်းများ မနှစ်ကထက် ဈေးပိုရ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသတွင် ရာသီပေါ်နှစ်ရှည်သီးနှံတစ်ခုဖြစ်သည့် ကွမ်းသီးဈေးနှုန်းမှာ မနှစ်ကထက် ဈေးပိုရရှိကြောင်း ကွမ်းသီးခြံစိုက်ပျိုးလုပ်ကိုင်နေသူတွေထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက် တပင်ရွှေထီးလမ်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ကြရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

ဘုတ်ပြင်းမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီချိန်က ဘုတ်ပြင်းမြို့၊ ပုလဲရွှေရည်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊  တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးသန့်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊  လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး