တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့၊ အ.မ.က ကျောင်း၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊နန်း တောင်ကျေးရွာအမကကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်း(နန်းတောင်) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်‌လေ့ကျင့်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ ‌ရေဖြူမြို့၊ (က)ရပ်ကွက်ရှိ စည်ပင်သာယာဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဇာတ်တိုက်လေ့ကျင့်ခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတပ်မတော်နှင့် ဌာနဆိုင်ရာပေါင်းစုံ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

အခြေခံပညာကျောင်းများ ကျောင်းပတ်ဝန်းကျင်သာယာလှပရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ပတ်ဝန်းကျင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ပလောက်မြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ကျောင်းသူ၊ ကျောင်းသားများ ကာယ/ဉာဏ/စာရိတ္တ ဘက်စုံပညာဖွံ့ဖြိုးရေးအတွက် မြို့အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က အခြေခံပညာအထက်တန်း ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလိန်အောင်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ပုလောမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၈ ရက်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပလောက်မြို့၊ မူလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက အခြခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက် ၈၀ နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်ငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက် ၈၀ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်‌ငွေ ပေးအပ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အသက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ဘိုးဘွားများက ကိုယ်စားလှယ်များဖြင့် လာရောက်ထုတ်ယူလျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး