ကော့သောင်းမြို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတပ်မတော်နှင့် ဌာနဆိုင်ရာပေါင်းစုံ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ကော့သောင်း ဇန်နဝါရီ ၁၁

အခြေခံပညာကျောင်းများ ကျောင်းပတ်ဝန်းကျင်သာယာလှပရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ ပတ်ဝန်းကျင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ဆောင်ရွက်မှုတွင် ကော့သောင်းတပ်နယ်မှ တပ်မတော်သားများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝန်ထမ်းများ၊ ကော့သောင်းခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ကျောင်းပတ်ဝန်းကျင်အတွင်း ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ပေါင်းမြက်များ အမှိုက်သရိုက်များဖယ်ရှားရှင်းလင်းပေးခြင်း၊ အန္တရာယ်ရှိသစ်ကိုင်သစ်ခက်များ ခုတ်တွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား မော်တော်ယဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့်နေရာများသို့ သွားရောက်စွန့်ပစ်ပေးခြင်း စသည့် လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)