ပလောက်မြို့၊ မူလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်

ပလောက် ဇန်နဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပလောက်မြို့၌ ကျောင်းသား/ကျောင်းသူများအား တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက အခြခံပညာမူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံသားဖွားဆရာမက တီဘီရောဂါအရှိန်အဟုန်မြှင့် ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းစီမံချက်ပါ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ချောင်းဆိုးနေတာ (၂) ပတ်ကျော်ကြာနေပြီလား၊ ချောင်းဆိုးရင် သွေး၊ သလိပ်ပါနေသလား၊ တငွေ့ငွေ့ဖျားပြီး ညဘက် ချွေးအလွန်ထွက်နေပါသလား၊ အစာစားချင်စိတ်မရှိ ဖြစ်နေပါသလား၊ ကိုယ်အလေးချိန် လျော့ကျသွားပါလား၊ ကျော(သို့) ရင်ဘတ်အောင့်နေပါသလား၊ မောပန်းလွယ်နေတယ်လို့ ခံစားရပါသလား၊ လည်ပင်း ဂျိုင်း(သို့)ပေါင်ခြံမှာ အကြိတ်ထွက်နေပါသလား စသည်တို့ ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)