ပုလောမြို့၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ကျင်းပ

ပုလော ဇန်နဝါရီ  ၁၀

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၈ ရက်နေ့နံနက် ၉ နာရီခွဲက ပုလောမြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပညာရေးစုံညီပွဲတော်တွင် ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီ ဒေါ်ကြင်ကြင်သောင်းက ပညာရေးစုံညီပွဲတော်ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ကာကွယ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန်၊ ပြည်ထောင်စု စိတ်ဓာတ်ရင့်သန်ခိုင်မာပြီး ရိုးရာ ယဉ်ကျေးမှုနှင့် လူမှုဘဝစံနှုန်းများကို ထိန်းသိမ်းမြှင့်တင်နိုင်မည့် နိုင်ငံ့သားကောင်းသမီးမွန်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးကဏ္ဍအလိုက် စွမ်းဆောင်ချက်များကို ထုတ်ဖော်ဂုဏ်ပြုနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းဆောင်ရွက်မှု အရှိန်အဟုန်ကိုမြှင့်တင်ပေးရန်၊ အမျိုးသား ပညာရည်မြင့်မားရေး လုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကာယ/ဉာဏ ဘက်စုံပညာထူးချွန် ကျောင်းသား/သူများကို ပုလောမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးနှင့် တာဝန်ရှိသူများက စုံညီပွဲတော် တို့နွှဲပျော်၊ တောင်ယာဝင်ချိန်၊ ဗမာမလေး၊ ထာဝရမန္တလေး၊ ပြည်ထောင်စုတေး၊ ပျိုလေးတို့ရွာ၊ ရွဲကုန်သည်၊ အသည်းမရှိသည့် လူချော စသည့် တေးသီချင်းများကို သီဆို၊ ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)