သရက်ချောင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အသက် ၈၀ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေ ပေးအပ်ရာ ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အသက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ဘိုးဘွားများက ကိုယ်စားလှယ်များဖြင့် လာရောက်ထုတ်ယူလျက်ရှိသည်။
ထို့သို့လူမှုရေးပင်စင်ငွေများထုတ်ပေးရာတွင် သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းသက်က လူမှုရေးပင်စင်ငွေလာရောက်ထုတ်ယူသည့် အသက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ဘိုးဘွားများ၏ ကိုယ်စားလှယ်များအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေ ထုတ်ယူရာတွင် လိုအပ်သည်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက မြို့နယ်အတွင်းမှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသည့် အဘိုး၊ အဘွား ၃၇ ဦးတို့အတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ငွေ ၉၀၀၀၀ ကျပ်အား စည်းကမ်းချက်များနှင့်အညီ စနစ်တကျထုတ်ပေးခဲ့ကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်စန်းစန်းသက်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)