ဘုတ်ပြင်းမြို့နယ်၌ ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချမှု ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများလွယ်ကူလွတ်လပ်စွာဝယ်ယူစားသုံး၍ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဆန်ဆိုင်များ ပုံမှန်လည်ပတ်ဖွင့်လှစ်၍ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းနှင့် စားသောက်ကုန်များ ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။