တနင်္သာရီတိုင်းဒေသကြီး

မြိတ်မြို့ရှိ Polytechnic University(Myeik)တွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် လေထုညစ်ညမ်းမှု အကြောင်း အသိပညာပေး ဟောပြော

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးခိုးမြူငွေ့အန္တရာယ်နှင့် လေထုညစ်ညမ်းမှုအကြောင်း အသိပညာပေးဟောပြောပွဲကို မြိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှကြီးမှူး၍ ယမန်နေ့က Polytechnic University (Myeik)၌ ပြုလုပ်ခဲ့ကြသည်။

ဘုတ်ပြင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ဟောပြောပွဲ၊ ပုံတူဆွဲပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ဟောပြောပွဲ၊ ပုံတူဆွဲပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်း က ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

ကျွန်းစုမြို့၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများအကြောင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျွန်းစုမြို့၊ အ.ထ.က (ခွဲ)ကတန်ကျောင်း၌ ကွင်းဆင်း၍ အသိပညာပေးဟောပြောခဲ့သည်။

ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ.ထ.က ကျွန်းစုကျောင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အ.ထ.က ကျွန်းစုကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ပလောက်မြို့တွင် တာဝန်ရှိသူများပူးပေါင်း၍ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ လက်လီ/ လက်ကားဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က တာဝန်ရှိသူများ  ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရေဖြူမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနက  ယနေ့နံနက် ၁၀ နာရီအချိန်တွင်  “အကျိုးကျေးဇူးမျိုးစုံရရှိဖို့စိုက်ပျိုးပြုစုထိန်းသိမ်းစို့” ဆောင်ပုဒ်နှင့်အညီ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို  အခြေခံပညာအထက်တန်း‌ကျောင်း၊ ရေဖြူ၌ ပြုလုပ်ခဲ့သည်၊၊

ပုလောမြို့နယ် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီက ပုလောမြို့ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌  ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ် အသိပညာပေးမြေစိုက်ဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးနံရံကပ်စာစောင်နှင့်မှတ်တမ်းဓာတ်ပုံများ ပြသ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ စာကြည့်တိုကအရှေ့ရှိ အသိပညာပေးမြေစိုက်ဘုတ်တွင် မိဘပြည်သူများ၊ ကျောင်းသား/ သူများနှင့် ခရီးသွားပြည်သူများ လေ့လာသိရှိနိုင်ရန် ပြသပေးကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် တာဝန်ရှိသူများပူးပေါင်း၍ ဆန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ  လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော  ကုန်မျိုးစုံအရောင်းဆိုင်များတွင် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၉)နာရီခွဲ  အချိန်က တာဝန်ရှိသူများ  ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး