ကရသူရိ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ (၇) ကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer(Grey Cap) Comirnaty Omicron XBB1.5 ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူးကကြီးကြပ်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ၊ တာဝန်ခံသားဖွားဆရာမနှင့် သက်ဆိုင်ရာများ ပူးပေါင်း၍ (၇) ကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Pfizer အား လက်ရှိတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အချက် အလက်များ မှတ်တမ်းရေးသွင်းခြင်းတို့ကို ဆောင်ရွက်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)