ထားဝယ် ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အမှတ် (၄) အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စိုက်ခင်းအတွင်း နည်းပညာပေးကွင်းသရုပ်ပြပွဲနှင့် သဘာဝမြေသြဇာ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ထားဝယ်ခရိုင်အတွင်းရှိ တောင်သူများအား သဘာဝမြေသြဇာ (၂၄၀) အိတ်အား ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က DOA နှင့် DAR ပူးပေါင်းဆောင်ရွက်သည့် မတ်ပဲ(၄)မျိုးစိုက်ခင်း၊ အောင်မြင်ဖြစ် ထွန်းနေသည့် နေကြာစိုက်ခင်း၊ မြေပဲသီးနှံ၊ မတ်ပဲမျိုးစေ့ထုတ်စိုက်ကွက်၊ အစေ့ထုတ်ပြောင်း၊ ပိုက်ဆံလျှော်နှင့်ဟင်းသီး ဟင်းရွက်စိုက်ခင်း၊ Strip Cross အကန့်လိုက် စိုက်နည်းစနစ်၊ တိရစ္ဆာန်အစာပင် နေပီယာပတ်ချောင်းမြက်စိုက်ခင်း၊ Home Garden သီးနှံများ စသည့် တောင်သူပညာပေးကွင်း သရုပ်ပြပွဲအား ကြည့်ရှုအားပေးပြီး တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ တိုင်းဒေသကြီးချုပ်က အမှတ် (၄) စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းမှ သရုပ်ပြမွေးမြူထားရှိသည့် ဥစားကြက်၊ ဝက်၊ ဆိတ်မွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကျောင်း သား/ သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး စာရေးကိရိယာများနှင့်ကြက်ဥများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)